Monday, October 13, 2008

ထိုငိးနှင့်စင်ကာပူတို့က မြန်မာနိုင်ငံတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှုပြုလုပ်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်

ထိုင်းနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့သည် ပြီးခဲ့သည့်ကြာသာပတေးနေ့က ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် နောက်ထပ်ရင်းနှီးမြုပ်နှံမှုပြုရန် စစ်အစိုးရနှင့် သဘောတူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ မက်မောဖွယ်ရာ စွမ်းအင်ဈေးကွက်ဝေစုအပေါ် ခွဲတမ်းပိုမိုရရှိသွားသည်။

Read More...

စစ်တွေ ဆွမ်းဆန်လောင်းပွဲ သံဃာတော်အရေအတွက် ကန့်သတ်ခံရ

ဖနိဒါ(မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၃ရက်၊ ၂၀၀၈ခုနှစ်

ချင်းမိုင်။ ။ သီတင်းကျွတ်လပြည့်နေ့ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားလာမှာကို စိုးရိမ်နေသော အာဏာပိုင်များက ဘုန်းကြီးကျောင်းတကျောင်းလျှင် သံဃာတော် ၂ ပါးသာ အလှုခံထွက်ရန် ကန့်သတ်ထားသည်။

Read More...

ဘတ်စ်ကား ပေါက်ကွဲမှု ၇ ဦးသေ၊ တဦး ဒဏ်ရာရ

မဇ္ဈိမသတင်း
အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်

လူ ၇ ဦး သေဆုံးပြီး ကျန်တယောက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုတခု ရန်ကုန်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ရဲများ အပြောအရ သိရသည်။

Read More...

အတိုက်အခံ လူငယ် ၈ ဦးကို ဖမ်းဆီး

မဇ္ဈိမသတင်းဌာန
သန်းထိုက်ဦး

အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်

ချင်းမိုင်။ ။ အတိုက်အခံလှုပ်ရှားမှုများ လုပ်ကိုင်နေသော လူငယ် ၈ ဦးကို စစ်အစိုးရက မကြာသေးခင်က ဖမ်းဆီးခဲ့ပြန်သည်။

Read More...

စိုက်ပျိုးရေးပါမောက္ခ ဒေါက်တာ ဆလိုင်းထွန်းသန်းနှင့် တွေ့ဆုံခြင်း

ဝိုင်းပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်။

အငြိမ်းစား စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဆလိုင်းထွန်းသန်းက ဆိုပါသည်။ မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးအတွက် တကိုယ်တော် ဆန္ဒပြပွဲနှင့် တိုင်ပြည် ပြင်ပရောက်ရှိစဉ် ပြည်တော်ပြန် ဆန္ဒပြပွဲ ပြုလုပ်ရေးအတွက် အသက်ပေးလှူရန် ကြေငြာခဲ့သူဖြစ်ပါသည်။

Read More...