Friday, October 10, 2008

နို့ထွက်ပစ္စည်း ၉ မျိုးကို မသန့်ရှင်းသော ပစ္စည်းများအဖြစ် စစ်အစိုးရက သတ်မှတ်ဖေါ်ပြ

သဲသဲနှင့်မုံပီး (မဇ္ဈိမသတင်း)
၁ဝ အောက်တိုဘာ ၂ဝဝ၈။

နယူးဒေလီ – မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချနေသော နို့မှုံ့များကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် စက်မှု လုပ်ငန်းသုံး မဲလမင်း ဓါတ်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဤအမှတ်တံဆိပ်များကို သုံးစွဲခြင်း မပြုဘဲ ရှောင်ရှားကြရန် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်အစိုးရက သောကြာနေ့က ကြေငြာလိုက်သည်။

Read More...

အာဆီယံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုရပ်ဆိုင်းရန် နယူးဇီလန် တိုက်တွန်း

ဇာနည်
မဇျွိမသတင်းဌာန
အောက်တိုဘာ (၁၀) ရက်၊ ၂၀၀၈

ချင်းမိုင်။ ။နယူးဇီလန်နိုင်ငံရှိ လက်ဝဲဝါဒီ ပါတီတခုဖြစ်သည့် "မဟာမိတ်"ပါတီက မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံထားသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)နှင့် ပြုလုပ်ထားသောလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ရန် အစီုးရအား သောကြာနေ့က ထပ်မံ တောင်းဆိုလိုက်သည်။

Read More...

ဟက်ကာများ တိုက်ခိုက်မှုကြောင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များ ရပ်ဆိုင်းသွား

မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၈ ခုနှစ်။

နယူးဒေလီ။ ။ ဟက်ကာများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ကြာသပတေးနေ့ ညနေကတည်းက စတင်ကာ ဝဘ်ဆိုဒ် လွှင့်တင်ပေးထားသော ဆာဗာက ပိတ်ထားလိုက်သဖြင့် နယူးဒေလီ အခြေစိုက် လွတ်လပ်သော မာလ်တီမီဒီယာ သတင်းဌာနဖြစ်သော မဇ္ဈိမ၏ ဝဘ်ဆိုဒ်အားလုံး ဖွင့်မရ ဖြစ်သွားခဲ့သည်။

Read More...

ပညာရေး ဂျာနယ် ၅ စောင် ထုတ်ဝေမှု ရပ်ဆိုင်း

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၈ ခုနှစ်။
နယူးဒေလီ။ ။ မြန်မာကျောင်းသားများ လက်စွဲသုံးနေသည့် ပညာရေးဆိုင်ရာ စာစဉ်ပါရှိသည့် ဂျာနယ် ၅ စောင်အား ထုတ်လုပ်ဖြန့်ချိမှု ရပ်ဆိုင်းလိုက်သည်။

Read More...

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအတွက် ပိုလုပ်ဘို့လိုဟု လူ့အခွင့်အရေး လှုပ်ရှားသူကပြော

ဆော်လမွန်
မဇ္ဈိမသတင်း
၉ အောက်တိုဘာ ၂ဝဝ၈။

နယူးဒေလီ – ကုလလူ့အခွင့်အရေး အထူးသံတမန် တောမတ်စ်အိုဂျေ ကွင်တားနား (Tomas Ojea Quintana) ၏ “မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ” အစီရင်ခံစာနှင့် သူ၏ ထောက်ခံ တင်ပြထားချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံ၍ အရေးယူ ဆောင်ရွက်မှုမရှိလျှင် အဓိပ္ပါယ်ရှိမည်မဟုတ်ဟု မြန်မာ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတဦးက ပြောကြားသွားခဲ့ပါသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန် ဆောင်ရွက်မှုများ မလုပ်လျှင် အစီရင်ခံစာသည် စာရွက်ပေါ်တွင်သာ ရှိနေသည့် အစီရင်ခံစာကောင်းတခုသာ ဖြစ်နေမည်ဖြစ်ပြီး၊ ဘာမှ အသုံးဝင်လိမ့်မည် မဟုတ်ပါ" မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါသည်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက် လေ့လာ၍ ရေးသားခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တွေ့ရှိချက်များကို ကွင်တားနားက အစီရင်ခံစာတစောင် ရေးသား ထုတ်ပြန်ခဲ့အပြီး အောင်မျိုးမင်း၏ ထင်မြင်ချက်ပေါ် ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဤအစီရင်ခံစာတွင် ကွင်တားနားက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ရှေ့ဆက်လှမ်းနိုင်ရန်အတွက်၊ မြန်မာ အစိုးရ အနေဖြင့် ပင်မ လူ့အခွင့်အရေး အစိတ်အပိုင်းကြီး ၄ ရပ်ကို အကောင်အထည် ဖေါ်သင့်ကြောင်း ပြောကြားထား ပါသည်။

"အစိုးရအနေနဲ့ ပင်မ လူ့အခွင့်အရေး အစိတ်အပိုင်းကြီး ၄ ရပ်ကို တိုးတက် အကောင်အထည် ဖေါ်သင့်ပါတယ်၊ ဒါတွေ အကုန်လုံးကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ် အကောင်အထည် ဖေါ်ရပါမယ်" ဟု ကွင်တားနားက ဆိုထားပါသည်။

သူပြောထားသော ပင်မ လူ့အခွင့်အရေး ကိစ္စများ ဆိုသည်၌ အမျိုးသား ဥပဒေပြုမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ပြန်လည် သုံးသပ်ရေးနှင့် နိုင်ငံတကာ တာဝန်ရှိမှုများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများကို အဆင့်ဆင့် တိုးတက်လွှတ်ပေးရေး၊ လက်နက်ကိုင်တပ်ဖွဲ့များ (တပ်မတော်) ၏ အာဏာနှင့် လုပ်ပိုင်ခွင့် အခွင့်အာဏာကို ပြန်လည်သုံးသပ်ရေး နှင့် တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမှု လုပ်ရန်တို့ ပါဝင်သည်။

"လက်ရှိ တရားစီရေးရေးစနစ် လည်ပတ်ဆောင်ရွက်နေပုံမှာ အစိုးရနှင့် စစ်တပ်၏ တိုက်ရိုက် ချုပ်ကိုင်မှုအောက်တွင် ရှိနေပြီး လွတ်လပ်မှုမရှိပါ" ဟု ကွင်တားနားက ပြောကြားထားပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ၏ ထောက်ခံတင်ပြချက်များနှင့် အဆိုပြုချက်များကို သူသဘောတူသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှု မရှိလျှင် စစ်အစိုးရသည် ဤအဆိုပြုချက်များကို လိုက်နာ အကောင်အထည် ဖေါ်လိမ့်မည်မဟုတ်ဟု အောင်မျိုးမင်းက ပြောပါသည်။

ကွင်တားနား၏ ထောက်ခံ တင်ပြချက်များနှင့်အညီ အပြောင်းအလဲများကို စစ်အစိုးရက မလုပ်လျှင်၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတန်းကြီးကို လေးစားလိုက်နာခြင်း မပြုလျှင်၊ ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ကူးပြောင်းရေးတွင် ရှေ့သို့ လှမ်းတက်သည့် ခြေလှမ်းတလှမ်း ဖြစ်လာလိမ့်မည် မဟုတ်ပါ ဟု သူက ပြောပါသည်။

"အခြေအနေတွေက လက်ရှိအတိုင်းဘဲ ဆက်ရှိနေမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာလဲ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်တခု ထွက်လာမှာ မဟုတ်ပါဘူး" ဟု ဦးအောင်မျိုးမင်းက ပြောပါသည်။

အပြောင်းအလဲများကို အကောင်အထည် ဖေါ်ရန်နှင့် ကုလသမဂ္ဂ၏ ထောက်ခံ တင်ပြချက်များကို လိုက်နာရန် စစ်အစိုးရကို ဖိအားပေးနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ အနေနှင့် စစ်အစိုးရကို ပိုမို ဖိအားပေးရန် လိုသည်ဟု ဦးအောင်မျိုးမင်းက ပြောသွားပါသည်။

နေအိမ်အကျယ်ချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်

ဆော်လမွန်မဇ္ဈိမသတင်း ၁ဝ အောက်တိုဘာ ၂ဝဝ၈။

နယူးဒေလီ။ ။ သူမအား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းအပေါ် သက်တမ်းတိုးခဲ့ခြင်းကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရထံ အယူခံ တင်သွင်းခဲ့ပါသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းအား ဥပဒေကြောင်းအရ ပြန်လည် သုံးသပ် စိစစ်ပေးပါရန်

Read More...